အဓိပ္ပာယ်ရှင်းလင်းချက်
-
ပစ္စည်းပို့သူ (သို့) ပို့သူ။ ။ မိမိပိုင်ဆိုင်ထားသောပစ္စည်း (သို့) တစ်ဦးတစ်ယောက်ပိုင်ဆိုင်ထားသော ပစ္စည်း အား ပို့ပေးရသူကိုရည်ညွှန်းပါသည်။
-
ပစ္စည်းလက်ခံသူ (သို့) လက်ခံသူ။ ။မိမိထံသို့ ပို့သူမှ ပို့ပေးလိုက်သောပစ္စည်းအား လက်ခံသူကို ရည်ညွှန်းပါသည်။
-
ဝန်ဆောင်မှုပေးသူ (သို့) QuickQ(QQ) Delivery Service။ ။ပို့သူနှင့် လက်ခံသူကြား တာဝန်ယူဆောင်ရွက်ပေးသူကို ရည်ညွှန်းပါသည်။
-
ပစ္စည်း (သို့) ပို့ထားသောပစ္စည်း (သို့) အပ်နှံလိုက်သောပစ္စည်း။ ။ ဥပဒေနှင့် ညီညွတ်သော သက်မဲ့ အရာဝတ္ထုကို ရည်ညွှန်းပါသည်။
Terms and conditions
Delivery service policy
-
မနက် ၁၀နာရီ နောက်ဆုံးထား၍ပေးပို့သော Delivery orderများကိုနေ့တွင်းချင်း လာကောက်
ပေး၍လိုအပ်လျှင် ချက်ချင်းပို့ဆောင်ပေးပါသည်။ ညနေ ၂ နာရီနောက်ပိုင်း Delivery order များကို နောက်တစ်ရက်တွင် လာရောက်ကောက်ယူပေးပါသည်။ Order လာကောက်ပြီး (၃) ရက်အတွင်း ပို့ဆောင်ပေးပါသည်။
-
ပစ္စည်းလာယူခ (Pickup charges)၊ ပြန်လဲခ(Change charges)၊ ပြန်အပ်ခ(Return charges) များပေးရန် မလိုအပ်ပါ၊ သို့သော် တစ်ကြိမ်သာလျှင် အကျုံးဝင်ပါသည်။
-
ပြန်လဲပစ္စည်းများ (၂)ရက်အတွင်း ပြန်လဲပေးပြီး (၄)ရက်အတွင်း ပြန်ပို့ပေးပါမည်။
-
ပြန်အပ်ပစ္စည်းများ (၁)ပတ်အတွင်း ပြန်အပ်ပေးပါမည်။ (၁)ပတ်အချိန်မပေးနိုင်ပါက QuickQ ရုံးတွင် လာယူရမည်ဖြစ်ပါသည်။
-
ပစ္စည်းပို့ခတွက်ချက်ရာတွင် အခြေခံအားဖြင့် ပို့လိုသောမြို့နယ်ကို ပထမဦးစာပေးတွက်ချက်ပြီး ပစ္စည်းလာယူရမည့်မြို့နယ်သည် ပို့လိုသောမြို့နယ်ထက်ပိုဝေးနေပါက လာယူရမည့်မြို့နယ်၏ ဈေးနှုန်းအတိုင်း ပေးဆောင်ရမည်ဖြစ်ပါသည်။ ဥပမာ။ ။ တာမွေပို့ လှိုင်သာယာယူဖြစ်ပါက လှိုင်သာယာ၏ ဈေးနှုန်းကို ပေးဆောင်ရပါမည်။
-
ပစ္စည်းအလေးချိန် (၂)ကီလို သို့မဟုတ် ၂ပေ ကျော်လွန်ပါက အပိုကြေး (၁)ကီလို/(၁)ပေလျှင် (၅၀၀)ကျပ် ကျသင့်ပါမည်။
-
ငွေကောင်ပေးရန်လိုအပ်သော ပစ္စည်းများ ငွေကြိုမရှင်းပေးပါ။ ပစ္စည်းတန်းဖိုးများ ငွေပြန်ပေးရာတွင် အင်္ဂါနေ့နှင့် သောကြာနေ့ နှစ်ရက်သာ ဆောင်ရွက်ပေးပါသည်။ Wave Money Account, KPay Account, Bank Account စသော Account များအတွင်းသို့သာ ထည့်သွင်းပေးပါသည်။ Account မဟုတ်သော အခြား ငွေလွှဲဝန်ဆောင်မှုများဖြင့် ဆောင်ရွက်မပေးပါ။
-
တရားဥပဒေနှင့် ညီညွတ်သော ပစ္စည်းများကိုသာ သယ်ယူပို့ဆောင်ပေးမည်ဖြစ်ပြီး သက်ဆိုင်ရာမှ စစ်ဆေးလျှင်သော်လည်းကောင်း၊ မသင်္ကာဖွယ်ရာပစ္စည်းဟု
ယူဆလျှင်သော်လည်းကောင်း သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ ပစ္စည်းများအား အပ်နှံမည်။
၎င်းကိစ္စများဖြစ်ပေါ်လာပါက ပစ္စည်းပို့သူတွင်သာ တာဝန်ရှိပြီး QuickQ Delivery Service, QuickQ Innovation CO., LTD., QuickQ Innovation မှတာဝန်ပေးခန့်အပ်ထားသော ဝန်ထမ်းများနှင့် လုံးဝ လုံးဝ မသက်ဆိုင်စေရ။
-
QuickQ မှတာဝန်ပေးခန့်အပ်ထားသော ဝန်ထမ်းများနှင့် ပစ္စည်းပို့စဉ်ကာလအတွင်းဖြစ်စေ၊ လုပ်ငန်းခွင်အချိန်ကာလအတွင်းဖြစ်စေ ငွေကြေး တစ်စုံတရာ အရှုပ်အရှင်းဖြစ်ပေါ်လာပါက QuickQ Innovation CO., LTD. ၏ တာဝန်ရှိသူများနှင့် တိုက်ရိုက်ဖြေရှင်းနိုင်သည်။ သို့သော် မိမိတို့၏ ဆန္ဒအလျှောက်ဖြစ်ပေါ်လာသော ကိစ္စများသည် QuickQ Innovation CO., LTD. နှင့် လုံးဝ လုံးဝ မသက်ဆိုင်ပါ။
-
ထိခိုက်လွယ်သော ပစ္စည်းများ၊ ကွဲတတ်သော ပစ္စည်းများ ဖြစ်ပါက ပစ္စည်းပေါ်တွင် စာကပ်၍ဖြစ်စေ၊ လာယူသော ဝန်ထမ်းအား အသိပေးခြင်းဖြစ်စေ ကြိုတင်ဆောင်ရွက်ရမည်။ ထို့သို့ ဆောင်ရွက်ခြင်းမရှိသော ပစ္စည်းများ ပျက်စီးသွားပါက တာဝန်မယူပါ။
-
မီးလောင်လွယ်သော ပစ္စည်းများ၊ ဓါတုပစ္စည်းများ၊ သားစိမ်းငါးစိမ်းများ သယ်ယူပို့ဆောင်ပေးခြင်း မပြုပါ။
-
ဓား/ကပ်ကြေးကဲ့သို့ ချွန်ထက်သော ပစ္စည်းများ၊ ထိခိုက်လွယ်သော ပစ္စည်းများ၊ ကွဲတတ်သော ပစ္စည်းများ ဖြစ်ပါက အန္တရာယ်တစ်စုံတစ်ရာ မဖြစ်ပေါ်စေရန် သေချာစွာ ထုပ်ပိုးပေးရမည်။ သို့မဟုတ် ပြန်လည်ထုပ်ပိုးပေးရန် ပစ္စည်းလာယူသူအား တောင်းဆိုရမည်။
-
မည်သည့်ပစ္စည်းအမျိုးအစားမဆို ထုပ်ပိုးထားသော်လည်း ဖွင့်စစ်ရန်လိုအပ်ပါက ခွင့်ပြုပေးရမည်။
-
QuickQ သို့ အပ်နှံထားသော ပစ္စည်းများပျောက်ဆုံးလျှင် ဖော်ပြထားသော ပစ္စည်းတန်ဖိုးအတိုင်းသော်လည်းကောင်း၊ ကာလတန်ကြေးအတိုင်းသော်လည်းကောင်း QuickQ ဘက်မှ လျော်ကြေးပေးမည်။
-
QuickQ သို့ အပ်နှံထားသော ပစ္စည်းများ ပျက်စီးသည်ဟု ယူဆလျှင် QuickQ Innovation CO., LTD. ၏ တာဝန်ရှိသူများမှ စစ်ဆေးပြီးမှသာ အတည်ပြုဆုံးဖြတ်ပေးမည်။ QuickQ မှ တာဝန်ပေး ခန့်အပ်ထားသော ဝန်ထမ်းများ ပစ္စည်းသယ်ယူစဉ်ကာလအတွင်း အမှန်တကယ် ပျက်စီးသည်ဟု စစ်ဆေးတွေ့ရှိလျှင် အထက်ဖော်ပြပါ အမှတ်စဉ် (၁၄) အတိုင်း ဆောင်ရွက်ပေးမည်။ သို့သော် ပစ္စည်းပို့သူမှ ညွှန်ကြားထားသော တစ်ဦးတစ်ယောက်၏ လက်ဝယ်တွင် ပျက်စီးသွားပါက QuickQ Innovation CO., LTD. မှ တာဝန်မယူပါ။ (ဥပမာ။ ။ ကားဂိတ်သို့ ပို့ဆောင်ပေးသော ပစ္စည်းဖြစ်ပါက ပစ္စည်းလာယူသော နေရာမှ ကားဂိတ်အထိသာ QuickQ နှင့်သက်ဆိုင်ပြီး ၎င်းနောက်ဖြစ်ပေါ်လာသော ကိစ္စများသည် QuickQ နှင့် မသက်ဆိုင်တော့ပါ။)
-
ပစ္စည်းပို့သူ/လက်ခံသူတို့၏ ပစ္စည်းများကြောင့် QuickQ(QQ) Delivery Service, QuickQ Innovation CO., LTD., QuickQ Innovation CO., LTD. ၏ ဝန်ထမ်းများ စစ်ဆေးမှုခံယူရခြင်း၊ ဂုဏ်သိက္ခာထိပါးခြင်း၊ အန္တရာယ်တစ်စုံတစ်ရာနှင့်ရင်ဆိုင်ရခြင်းများ ဖြစ်ပေါ်လာပါက ပစ္စည်းပို့သူသည် QuickQ ဘက်မှ အရေးတယူအာဏာလွှဲအပ်ထားသော ဥပဒေရေးရာ ပညာရှင်များမှ ကျေနပ်သည်အထိ တာဝန်ယူဆောင်ရွက်ပေးရမည်။
-
ပစ္စည်းတန်းဖိုးအား QuickQ(QQ) ဘက်မှ ကြိုတင်ငွေပေးချေပြီးနောက် လိမ်ညာခြင်း၊ မမှန်ကန်သော အမူအရာများပြုမူဆောင်ရွက်ခြင်းများ ဖြစ်ပေါ်လာပါက အကောင့်ပိတ်ခြင်း၊ မိတ်ဖက်လုပ်ငန်းစုများ (သို့) Delivery ဝန်ဆောင်မှု ပေးနေသောလုပ်ငန်းရှင်များထံသို့ သတိပေးအကြောင်းကြားခြင်း၊ လိမ်ညာသူစာရင်းတွင် ထည့်သွင်းခြင်း၊ လိမ်ညာသူအဖြစ် ကြေငြာခြင်း၊ တရားဥပဒေနှင့် အညီ အရေးယူခြင်း စသော ပြစ်ဒဏ်များ ခံယူရမည်။
-
(၃)ရက်အတွင်း ပစ္စည်းပို့ဆောင်ပေးရန် ပျက်ကွက်ခြင်း၊ (၃)ရက်ကျော်မှ လက်ခံမည့်နေရာသို့ ရောက်ရှိခြင်းများ ဖြစ်ပေါ်လာပါက
၁) QuickQ ကြောင့် ထိုကစ္စဖြစ်ပေါ်ခဲ့လျှင် ပစ္စည်းပို့ခပေးပြီးဖြစ်ပါက ငွေပြန်အမ်းပေးမည်။
၂) သဘာဝဘေးကြောင့်ဖြစ်စေ၊ သက်ဆိုင်ရာမှ စစ်ဆေးခြင်းကြောင့်ဖြစ်စေ၊ အစိုးရ၏ အရေးပေါ်ဥပဒေများကြောင့်ဖြစ်စေ ပျက်ကွက်ခဲ့ပါက ပစ္စည်းပို့ခပြန်မပေးပါ။
Welcome bonus fair usage policy
-
တစ်ရက်အတွင်း ပထမတစ်ကြိမ်ပို့လျှင် (၁၀၀)ကျပ်မှ (၁,၀၀၀)ကျပ်အထိ ရရှိမည်ဖြစ်ပြီး ဒုတိယ အကြိမ်ပို့လျှင် (၄၀၀)ကျပ်မှ (၂,၀၀၀)ကျပ်အထိ ရရှိမည်ဖြစ်ပြီး တတိယအကြိပ်ပို့လျှင် (၅၀၀)ကျပ်မှ (၄,၀၀၀)ကျပ်အထိ ရရှိမည်ဖြစ်ပါသည်။ သုံးကြိမ်ပြည့်ပြီးတိုင်း ပထမတစ်ကြိမ်မှ ပြန်လည်တွက်ချက်ပါမည်။
-
တစ်ရက်အတွင်း ပို့လိုသော မြို့နယ်တူ (၃)ကြောင်းပို့ပြီးတိုင် ၎င်းမြို့နယ်များသို့ ထမ်မံပို့လိုလျှင် (၂)ကြောင်းစာ Free ရရှိမည်ဖြစ်ပါသည်။ သို့သော်သတ်မှတ်ထားသော မြို့နယ်များသာ အကြုံးဝင်ပါသည်။
-
အမှတ်စဉ် (၁)နှင့် (၂)တွင် အကြိုးခံစားခွင့်ရရှိထားသော Promotion ငွေသားများကို ကြိုတင်သွင်းငွေ(Deposit) အဖြစ်သတ်မှတ်ပြီး (က)ငွေသားအဖြစ်ပြန်လည်ထုတ်ယူနိုင်သည်၊ (ခ)ပစ္စည်းပို့ခအဖြစ် အသုံးပြုနိုင်သည်။
-
လက်ကျန် Bonus ငွေများကို QuickQ ရုံးများတွင်ဖြစ်စေ၊ မိတ်ဖက်လုပ်ငန်းများထံတွင်ဖြစ်စေ ငွေသားအဖြစ် ပြန်လည်ထုတ်ပေးခြင်း မပြုပါ။